
3 ရာသီ
40 အပိုင်း
စည်းအပြင်ဘက်ကလူ
ဒီကမ္ဘာကြီးထဲမှာ ထူးခြားစွမ်းရည်တွေပိုင်ဆိုင်ထားကြတဲ့ ထူးခြားလူသားတွေဆိုတာ ရှိပါသတဲ့ ထူးခြားစွမ်းရည်တွေထဲက အံ့ဖွယ်စွမ်းရည်ရှစ်မျိုးဟာ ထူးခြားလူသားတွေမျက်စိကျစရာဖြစ်လာခဲ့တယ် ဇာတ်ဆောင်ဖြစ်တဲ့ ကျန်းချူလန်ဟာ ခပ်ပေါ့ပေါ့သာမန် ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပြီး အဖိုးဖြစ်သူရဲ့ အုတ်ဂူအတူးခံရမှုကြောင့် ရွာကိုပြန်လာခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ အစ်မဖြစ်သူပါဆိုတဲ့မိန်းကလေး ဖုန်ပေါင်ပေါင်းနဲ့လည်းကြုံဆုံလိုက်ရတယ် နောက်ပိုင်းမှာ သူ့ကို အလိုရှိနေတဲ့ ချွမ်ရှင့်ဂိုဏ်းရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရပြီး ဖုန်ပေါင်ပေါင်းတို့ အဖွဲ့ရဲ့ ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့ရပါတယ် အဲဒီအချိန်ကျမှ ချူလန်တစ်ယောက် သူငယ်ငယ်က သူ့အဘိုးသင်ကြားပေးခဲ့တဲ့ ကိုယ်ခံပညာစွမ်းရည်က တမူထူးခြားတဲ့ သိုင်းပညာဖြစ်ပြီး သူဟာလည်း ထူးခြားလူသားတစ်ယောက်ဆိုတာကို သိရှိလိုက်ရတဲ့အခါ ... ဘာတွေ ဆက်ဖြစ်လာကြမှာလဲ ဖုန်ပေါင်ပေါင်းနဲ့ သူ့အဘိုးကရော ဘယ်လိုများ ဆက်စပ်နေသလဲ ။လုံဟူတောင်က ဝူတန်ဂိုဏ်းက တပည့်ကြီး ဝမ်ရယ်(Hou Min Hao)သူတော်စင်စံအိမ်က တပည့်ကြီး လင်ယွိ(Bi Wen Jun) တို့ကရော ဘယ်လိုပါဝင်ပက်သက်လာမလဲ။ #victor_khai
- နှစ်: 2025
- နိုင်ငံ: China
- အမျိုးအစား: Action & Adventure, Drama, Sci-Fi & Fantasy
- စတူဒီယို: Youku, Tencent Video
- သော့ချက်စာလုံး: martial arts, supernatural, zombie, wuxia, based on manhua, urban fantasy, action, urban adventure, chinese drama
- ဒါရိုက်တာ: 米二
- သွန်း: 彭昱畅, 侯明昊, 王影璐, 文淇, 尹昉, 嚴寬