
1 ရာသီ
16 အပိုင်း
스케치
ဂန်ဒုံဆူကတော့ တရားခံတွေကို အလွတ်မပေးတတ်တဲ့ စုံထောက်တစ်ယောက်ပါ။ယူရှီဟျွန်းကတော့ အနာဂတ်မှာ ဖြစ်လာမဲ့ လူသေမှုတွေကို ကြိုမြင်နိုင်တဲ့လူတစ်ယောက်ပေ့ါ။ရှီဟျွန်းက သူမြင်တဲ့ အနာဂတ်ကို ပုံကြမ်းလေးတွေဆွဲပြီး အမှုတွေဖြစ်မလာဖို့ ကာကွယ်တဲ့နေရာမှာ အသုံးချနေခဲ့တာပါ။တစ်ရက်မှာတော့ တရားခံတစ်ယောက်နောက်ကို လိုက်ဖမ်းရင်းနဲ့ စုံထောက်ဂန်ဒုံဆူနဲ့ ယူရှီဟျွန်းတို့ တွေ့ခဲ့ကြတယ်။ အမှုဖြစ်တဲ့နေရာမှာကျန်ခဲ့တဲ့ ယူရှီဟျွန်းရဲ့ ပုံကြမ်းစာအုပ်ကို ဂန်ဒုံဆူတွေ့သွားပြီး ပုံကြမ်းတွေကို ကြည့်လိုက်တဲ့အခါမှာတော့ ပုံတွေတိုင်းက ဖြစ်ပြီးသားအမှုနေရာတွေကို ဆွဲထားတဲ့ပုံတွေဖြစ်နေခဲ့တယ်။နောက်ဆုံးပုံကတော့ ဂန်ဒုံဆူရဲ့သတို့သမီးလောင်း အမှုစစ်မင်ဂျီဆူဖြစ်နေတဲ့အခါမှာ သူကိုယ်တိုင် ယူရှီဟျွန်းကို သွားရှာပြီး မေးမြန်းခဲ့တယ်။ ရှီဟျွန်းကလည်း အမှန်အတိုင်းပြောပြီး ဂန်ဒုံဆူကို သူမတို့ အထူးစုံစမ်းရေးအဖွဲနဲ့ ပူးပေါင်းဖို့ ပြောခဲ့ပေမဲ့ ဒုံဆူကတော့ မယုံဘူးဆိုပြီး ငြင်းခဲ့ပါတယ်။တကယ်တမ်း ရှီဟျွန်းရဲ့ ပုံကြမ်းထဲကအတိုင်း အမှန်ဖြစ်လာပြီး အမှုစစ်မင်ဂျီဆူ သေဆုံးသွားတဲ့အခါ ပြီးတော့ ယူရှီဟျွန်းထက်ပိုပြီး အနာဂတ်မြင်နိုင်စွမ်းရှိတဲ့ နောက်ထပ်လူတစ်ယောက်ရှိနေတဲ့အခါ
- နှစ်: 2018
- နိုင်ငံ: South Korea
- အမျိုးအစား: Mystery, Drama, Sci-Fi & Fantasy, Action & Adventure
- စတူဒီယို: JTBC
- သော့ချက်စာလုံး: fight, precognition, premonition, death, teamwork
- ဒါရိုက်တာ: 林泰佑, Kang Hyun Sung
- သွန်း: 비, 이선빈, 이동건, 정진영, 강신일, 임화영